Border News Agency
ဟားခါး၊ အောက်တိုဘာ ၁၃။
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာစာသင်ကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားနှစ်ဦးသေဆုံးပြီး တဆယ်ကျော်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဗန်ဟားကျေးရွာရှိစာသင်ကျောင်းကို အောက်တိုဘာလ ၁၃ ရက်နေ့၊ ဒီနေ့ မနက်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားနှစ်ဦးသေဆုံးပြီး ကျောင်းဆရာမတဦးနဲ့ ကလေးတဦးအပါအဝင် တဆယ်ကျော်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာစာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
မတူပီမြို့ကိုလည်း အောက်တိုဘာလ ၁၀ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင်မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနဲ့ထင်ချောင်းကျေးရွာရှိစာသင်ကျောင်းကို အောက်တိုဘာလ ၈ ရက်နေ့က လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားသုံးဦးနဲ့မသန်စွမ်းအမျိုးသမီးတဦးသေဆုံးသွားခဲ့သလို နှစ်ဆယ်ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။