Border News Agency
မိုးမိတ်၊ အောက်တိုဘာ ၁၇။
မိုးမိတ်မြို့မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၁၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့၊ တောင်ပိုင်းရပ်ကွက်ကို အောက်တိုဘာလ ၁၆ ရက်၊မနေ့ည ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က စစ်ကော် မရှင်တပ်လေကြောင်းမှပေါင်၅၀၀ဗုံးတလုံး၊ပေါင် ၂၅၀ ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုလို့ အသက်ငါးဆယ်အရွယ်ဒေါ်အုံရွှေဒဏ်ရာရသွားပြီးနေ အိမ်နှစ်အိမ်နဲ့ကားတစီးပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒိီအပြင် မိုးမိတ်မြို့နယ်၊အောင်မြေရွာအနီးကို အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ပေါ င်၂၅၀ဗုံး နှစ်လုံး၊ရော့ကဒ်လက်နက် ကြီးခြောက်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မိဘပြည်သူတွေဟာ စစ်ကော်မရှင်လေကြောင်းရန်ကို ရှောင်နိုင်ဖို့စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေ ကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
တအာင်းပြည်အတွင်းသာမက တိုင်း ရင်းသားလက်နက်ကိုင်တွေ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်နယ် မြေတွေကို စစ်ကော်မရှင်တပ်က လက် နက်ကြီး၊ဒရုန်း၊လေကြောင်းနဲ့အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူး လွန်နေတယ်လို့ ဆိုပါတယ်။










