Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၇။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးနေ့ ဆယ်နှစ်ပြည့်အခမ်းအနားတက်ရောက်လာကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကို စစ်ကော်မရှင်က လက်ဆောင်တွေပေးခဲ့ပါတယ်။
နေပြည်တော်ရှိ ဗန္ဒုလခန်းမမှာ အောက်တိုဘာလ ၁၇ ရက်၊ ဒီနေ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့တွေကို ပေးခဲ့တာပါ။
အဲဒီရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး – ငြိမ်းချမ်းရေးကောင်စီ ( KNU / KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NM SP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)အဖွဲ့က တာဝန်ရှိသူတွေကို ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးနေ့ ဆယ်နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့မှ
၁၇ ရက်နေ့ထိ နေပြည်တော်မှာပြုလုပ်ခဲ့တာပါ။
အဲဒီပွဲသို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းငယ်သာတက်ရောက်ပေမယ့် တက်ရောက်ခဲ့သူတွေဟာ ခွဲထွက်ခေါင်းဆောင်တွေသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

























