Border News Agency
စစ်တကောင်း၊ အောက်တိုဘာ ၂၁။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်ဒေသ၊ ခါးကားချရီမြို့၊ ဂွီမာရာ မြို့နယ်၊ ရာမဆူဈေးမှာအကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခံရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်လှုပ်ရှားမှုတွေပြု လုပ်နေကြပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်ဒေသ၊ ဌာနေတိုင်းရင်းသားနေရာတွေမှာ အောက်တိုဘာလ ၂၁ ရက်၊ ဒီနေ့ဝမ်းနည်းခြင်းအထိမ်းအမှတ်အမည်းရောင်အလံတွေကိုလွင့်ထူထားကြတာပါ။
အဲဒီအမည်းရောင်အလံတွေကို စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စျေးဆိုင်တွေ၊ နေအိမ်တွေ၊ ကားလံဘေးတွေအပါအဝင်နေရာပေါင်းစုံမှာလွှင့်ထူးထားကြတာဖြစ်ပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်ဒေသမှ ဌာနေတိုင်းရင်းသားတွေကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအကြမ်းဖက်ပစ်သတ်ခဲ့ကြတာပါ။
အဲဒီအကြမ်းဖက်ပစ်သတ်ခံရမှုကြောင့်ဌာနေတိုင်းရင်းသားငါးဦးသေဆုံးပြီးငါးဆယ်ခန့်ဒဏ်ရာရခဲ့ကြပါတယ်။


































