Border News Agency
စစ်တကောင်း၊ အောက်တိုဘာ ၂၁။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းတော င်တန်းဒေသ၊ ရမ်ဂါမတီခရိုင်နေဌာနေတိုင်းရင်းသားတွေရဲ့နေအိမ်တွေကို ဝင်ရောက်အခြေချနေထိုင်လာကြတဲ့ဘင်္ဂလီတွေ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အဲဒီဘင်္ဂလီတွေက အောက်တိုဘာလ ၂၀ ရက်၊ ညအချိန်မှာသက္ကမလူမျိုးတွေနေထိုင်တဲ့ဘာရာမာဟာလျာကျေးရွာ ကိုဝင်ရောက်တိုက်ခိုက်ပြီးနေအိမ်တလုံးကို မီးရှို့ခဲ့ကြသလို နေအိမ်ကိုးလုံးကို ဖျက်စီးခဲ့ကြပါတယ်။
အဲဒီအပြင် ကျွဲ၊ နွား၊ ဆိတ်အပါအဝင် ရွှေတွေ၊ငွေတွေကိုလည်း လုယူသွားခဲ့ကြတယ်လို့ ကျေးရွာသားတွေက ဆိုကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းတော င်တန်းဒေသမှာဌာနေတိုင်းရင်းသားတွေကလွဲဲပြီးတခြားသူတွေအခြေချနေထိုင်ခွင့်မရှိစေရဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရအဆက်ဆက်ဟာ စစ်တပ်ကို
အခိုင်အမားအင်အားတိုးချတာတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ဘင်္ဂလီတွေကို အခြေချနေထိုင်စေပြီး ဌာနေတိုင်းရင်း သားတွေကို အကြမ်းဖက်သတ်ဖြတ်မြေလုတာတွေအစဥ်အဆက်ကျူးလွန်
နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။












