Border News Agency
မိုးကုတ်၊အောက်တိုဘာ ၂၂။
မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်သုံးဦးသေဆုံးပြီး ဆယ့်နှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၂၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမိုးကုတ်မြို့၊ ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို အောက်တိုဘာလ ၂၁ ရက်၊ နေ့လည် ၂ နာရီ ၅၈ မိနစ်အချိန်က စစ်ကော်မရှင်တပ်တိုက် ခိုက်ခဲ့တာပါ။
အဲဒါကြောင့်အသက်ဆယ့်နှစ်နှစ်အရွ ယ်မမွန်သူ၊အသက်ခြောက်နှစ်အရွယ်မခူသာနဲ့အသက်ဆယ်နှစ်အရွယ်မချာရှီးသေဆုံးပြီး ကလေးအပါအဝင်အရပ် သားဆယ့်နှစ်ဦးထိဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်နေအိမ်ဆယ့်တလုံးနဲ့ဖူဆယ်ကွင်းတကွင်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ တရက်မှနှစ်ဆယ်ရက်ထိလေကြောင်းမှ မန်တုံမြို့ကိုနှစ်ကြိမ်၊ ကျောက်မဲမြို့ကို နှစ်ကြိမ်၊ သီပေါမြို့ကိုငါးကြိမ်၊ မိုင်းငေါ့မြို့ကိုသုံးကြိမ်၊ မိုင်းလုံမြို့ကိုသုံးကြိမ်၊နမ့်ဆန်မြို့ကိုခြောက်ကြိမ်၊ နမ္မတူမြို့ကိုငါးကြိမ်၊မိုးမိတ်မြို့ကိုသုံးကြိမ်နဲ့မိုးကုတ်မြို့ကိုနှစ်ကြိမ် စုစုပေါင်းသုံးဆယ့်တကြိမ်ထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်ကလေးငယ်ခုနှစ်ဦး၊ အမျိုးသားဆယ့်သုံးဦး၊ အမျိုးသမီးနှစ်ဆယ့်တဦးသေဆုံးခဲ့ပြီး သံဃာတော်နှစ်ပါး၊ ကလေးဆယ့်တဦး၊အမျိုးသားဆယ့်ခုနှစ်ဦး၊အမျိုးသမီးဆယ့်ခုနှစ်ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
နောက်ပြီးနေအိမ် တရာ့လေးဆယ်သုံးအိမ်၊စာသင်ကျောင်းလေးကျောင်း၊ ဘုန်းကြီးကျောင်းလေးကျောင်း၊ ကျောင်းဆောင်ရှစ်ဆောင်၊ အဆောက်အဦးသုံးဆောင်၊ ကြက်မွေးမြူးရေးခြံနှစ်ခြံ၊ ဆိုင်ခန်းငါးခန်း၊ လက်ဖက်စက်ရုံတရုံ၊ ဆိုင်ကယ်လေးစီး၊ ကားတစီးတို့ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့ပြည်သူတွေစစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြပါတယ်။
တအာင်းပြည်အတွင်းသာမကတိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဆိုပါတယ်။












