Border News Agency
ထိုင်း၊ အောက်တိုဘာ ၂၆။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရဲ့ ၄၇ ကြိမ်မြောက် အာဆီယံထပ်သီးအစည်းအဝေးမှာ ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီအာဆီယံထိပ်သီးအစည်းအဝေးမှာ နှစ်နှိင်ငံအငြင်းပွားနေတဲ့ နယ်စပ်ဒေသရှိ ရန်လိုမှုတွေရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ရရှိရေးဖို့အတွက် အရေးကြီးတဲ့ခြေလှမ်းအဖြစ် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဲဒီအာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၂၆ မှ ၂၉ ရက်နေ့ထိ လေးရက်ကြာကျင်းပသွားမှာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ တက်ရောက်နေကြတာဖြစ်ပါတယ်။















