Border News Agency
လောက်ကိုင်၊ အောက်တိုဘာ ၂၃။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်နယ်မြေ၊ မုံးကိုးမြို့နယ်မှတောင်သူတွေကို စပါးရိတ်သိမ်းကူညီပေးခဲ့တယ်လို့ အောက်တိုဘာလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မုံးကိုးခရိုင်အုပ်ချုပ်ရေးကော်မတီက ဝန်ထမ်းနှစ်ဆယ်ကျော်ဟာ မုံးကိုးမြို့နယ်က လယ်ကွင်းတွေမှာ ဆောင်းရာသီသီးနှံရိတ်သိမ်းရေးအတွက် တောင်သူတွေကိုလုပ်သားအင်အားဖြည့် ကူညီခဲ့တယ်လို့ဆိုပါတယ်။
လယ်ကွင်းတွေမှာ ဝန်ထမ်းတွေနဲ့ကျေးရွာသားတွေပူးပေါင်းပြီး စပါးရိတ်သိမ်းတာ၊ စက်မောင်းနှင်တာနဲ့ စပါးအိတ်တင်ဆောင်တာတွေ လုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။
ဆောင်းရာသီရိတ်သိမ်းရေးဟာ တောင်သူလယ်သမားတွေအတွက် အရေးအကြီးဆုံးကာလဖြစ်လို့ တောင်သူတွေကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရုံသာမက ဒေသအုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူတို့အကြား နွေးထွေးမှုနဲ့ယုံကြည်မှု ပိုမိုတိုးတက်လာစေဖို့အတွက် မုံးကိုးခရိုင်အုပ်ချုပ်ရေးကော်မတီက ကူညီခဲ့တာလို့ဆိုပါတယ်။
မုံးကိုးခရိုင်အုပ်ချုပ်ရေးကော်မတီက နောင်အချိန်မှာလည်း ဆောင်းရာသီရိတ်သိမ်းရေးအခြေအနေတွေကို ဆက်စောင့်ကြည့်ပြီး လိုအပ်သလိုပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။










