Border News Agency
တောင်ကုတ်၊ အောက်တိုဘာ ၂၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့က ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာက မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းကို အောက်တိုဘာလ ၂၇ ရက်၊ ဒီနေ့ညနေ ၇ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း ပျက်စီးသွားခဲ့ပါတယ်။
အဲဒီကျောင်းကို ပိတ်ထားတာမို့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုကြပါတယ်။











