Border News Agency
ငဖဲ၊ နိုဝင်ဘာ ၂။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းသို့စစ်ကူလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဆယ့်ခြောက်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့ကြောင်း နိုဝင်ဘာလ၂ရက်၊ ဒီနေ့မချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Asho ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ နတ်ရေကန်ဗျူဟာကုန်းသို့လာကြချိန်မှာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေနဲ့ CDF-Asho တပ်ဖွဲ့ဝင်တွေ ပေါင်းတိုက်
ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မတရားစစ်သားစုဆောင်းခံရသူတွေဖြစ်ပြီး လက်နက်ငယ်လေးလက်အပါအဝင် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ အဓိကဗျူဟာနတ်ရေကန်စခန်းသို့ လေကြောင်းပစ်ကူနဲ့စစ်ကူတွေ ဆက်ပို့နေတာကို CDF-Asho ဟာ နှစ်လကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
CDF-Ashoက တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ပြီး ခြေလက်အင်္ဂါဆုံးရှုံးသူနှစ်ဦးနဲ့ ဒဏ်ရာရသူ ခုနှစ်ဦး၊ စုစုပေါင်း ကိုးဦးရှိခဲ့တယ်လို့ ဆိုပါတယ်။











