Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၄။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကလေးတွေကို ကာကွယ်ဆေးထိုးပေးနေပါတယ်။
အဲဒီအာရက္ခဒေသကမြို့၊ ကျေးရွာတွေရှိ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးနေတာပါ။
အဲဒီလိုကာကွယ်ဆေးထိုးပေးရာမှာလသားအရွယ်ကစလို့ နှစ်နှစ်နဲ့ငါးလအရွယ်ထိကလေးတွေကို ထိုးပေးနေတာဖြ စ်ပါတယ်။
အဲဒီဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေးဝက်သက်၊ ပါးချိတ်ရောင်၊ဂျိုက် သိုးကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာခြောင်းဆိုး၊ မေးခိုင်ကာကွယ်ဆေး၊ ပိုလီယိုအကြောရောဂါကာကွယ်ဆေးတွေကိုထိုးပေးနေတာပါ။
အဲဒီဆေးတွေဟာ မွေးကင်းစအရွယ်မှစပြီး ဆယ့်ရှစ်လအတွင်းမှာထိုးရတာဖြစ်သလို ကာကွယ်ဆေးထိုးဖို့မလိုတော့တဲ့ကလေးတွေကိုလည်း ထိုးပေးနေတယ်လို့ဆိုပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနဟာ အာရက္ခဒေသ၊မြို့ရွာတွေက ကလေးတွေကို ကာကွယ်ဆေးဆိုးတာအပြင် စစ်ဘေးရှောင်စခန်းရှိကလေးတွေကိုလည်း ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် အာရက္ခဒေသက မြို့နယ်ဆယ့်လေးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ပြည်သူ့ဝန် ဆောင်မှုတွေဆောင်ရွက်ပေးနေပါတယ်။











