နေပြည်တော်အနီးက စစ်ကော်မရှင်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက် (ဓာတ်ပုံသတင်း)
Border News Agency
နေပြည်တော်၊ နို၀င်ဘာ ၁၄။
နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်ရှိ ရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဥတ္တရသီရိတပ်ကုန်းမြို့နယ်ရှိ ရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကို နို၀င်ဘာလ ၁၂ ရက်နေ့၊ ညနေအချိန်မှာ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစခန်းဟာ စစ်ကော်မရှင်တပ်က နှစ်နှစ်နှစ်၀န်းကျင်တပ်စွဲထားတဲ့စခန်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်စခန်းကို ရမည်းသင်းမြို့နယ်မှ စစ်ကြောင်းတကြောင်း၊ နေပြည်တော်နယ်အမြန်လမ်းမှ စစ်ကြောင်းတကြောင်း၊ အခြေပြုစခန်း နှစ်ခုမှစစ်ကြောင်းတကြောင်း၊ စုစုပေါင်းစစ်ကြောင်းသုံးကြောင်းပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီစခန်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားပြီး သူတို့ရဲ့ကင်းကြည့်မျှော်စင်တွေ၊ ဘန်ကာတွေကို စီးနင်းနိုင်ခဲ့သလို စခန်းကိုလည်း ရှင်းလင်းရေးတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ကျဉ်ဆံတွေ၊ ငွေသားအချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။