Border News Agency
မြိတ်၊ နိုဝင်ဘာ ၁၄။
မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ မောတောင်နယ်စပ်စခန်းကို နိုဝင်ဘာ လ ၁၄ ရက်၊ ဒီနေ့ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၄)ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီက ၁၂၀ မမ လက်နက်ကြီးနှစ်လက်အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရခဲ့တယ်လို့ ဆိုပါတယ်။
မောတောင်နယ်စပ်စခန်းကို တော်လှန်ရေးတပ်တွေဟာ သုံးလခန့်ပိတ်ဆို့ပြီး နိုဝင်ဘာလ ၁၁ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး လေးရက်အကြာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။










