Border News Agency
တနင်္သာရီတိုင်း၊ နိုဝင်ဘာ ၁။
တနင်္သာရီတိုင်း၊ မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံးပန်းတွေနဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီမောတောင်နယ်စပ်ကို နိုဝင်ဘာလ ၁၄ ရက်၊ ဒီနေ့ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၄)ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တာပါ။
အဲဒီက ၁၂၀ မမ လက်နက်ကြီးနှစ်လ က်အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရခဲ့တယ်လို့ ဆိုပါတယ်။
မောတောင်နယ်စပ်စခန်းကို တော်လှန်ရေးတပ်တွေ သုံးလခန့်ပိတ်ဆို့ပြီး နိုဝင်ဘာလ ၁၁ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး လေးရက်အကြာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။









