Border News Agency
မကွေး၊ နိုဝင်ဘာ ၂၀။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံးပြီး ဆယ့်ငါးဦးဒဏ်ရာရသွားတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ နိုဝင် ဘာလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမြိုင်မြို့နယ်၊ အနောက်ပိုင်းရှိကျေးရွာတရွာကို နိုဝင်ဘာလ ၂၉ ရက် ည ၁၂ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားငါးဦးသေဆုံးပြီး ဆယ့်ငါးဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီဒေသခံတွေဟာ စစ်ကော်မရှင်စစ်ကြောင်း ပြန်ထွက်သွားတဲ့အတွက် စစ်ရှောင်ရာကနေ နေအိမ်ကိုပြန်လာခဲ့ကြပြီး ညဖက်အိပ်မောကျနေချိန် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ်ဆယ့်ငါးလုံးလည်းပျက်စီးခဲ့ပြီး ဒေသခံပြည်သူတချို့လည်း လေကြောင်းအန္တရာယ်ကြောက်လန့်ကာ ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။














