Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီမြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ကျေးရွာအနီးကို နိုဝင်ဘာလ ၂၀ရက်၊ ညနေ ၄ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်တိုက်လေယာဥ်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့်ရွာအနီးက နွားနှစ်ကောင်ဗုံးစထိမှန်လို့သေဆုံးသွားပြီး နောက်ထပ်နွားနှစ်ကောင်ဒဏ်ရာရသွားပါတယ်။
အဲဒီမြောက်ဦးမြို့၊ အောင်တပ်အုပ်စု၊ ဒိုင်းကျီရပ်ကွက်ကိုလည်း သြဂုတ်လ ၂၅ ရက်နေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆယ့်သုံးဦးသေဆုံးပြီး ဆယ့်ကိုးဦးဒဏ်ရာရခဲ့ပါတယ်။






