Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၇။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းအရှေ့ရွာမှာ စစ်ကော်မရှင်တပ်က အရပ်သားတဦးကိုသတ်ဖြတ်ခဲ့ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
ကျီကုန်းအရှေ့ရွာကို ဒီဇင်ဘာလ ၁ ရက်နေ့က စစ်ကော်မရှင်တပ် အင်အားခုနှစ်ဆယ်ကျော်နဲ့ စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ တယ်လို့ ဆိုပါတယ်။
အဲဒီ ကျီးကုန်းကျေးရွာမှ အသက်လေးဆယ်လေးနှစ်အရွယ် ကိုမင်းနိုင် ကို စစ်ကော်မရှင်တပ်သားတွေသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ရွာထဲကပြည်သူပိုင်နေအိမ်တွေထဲဝင်ရောက်ကာ ပစ္စည်းတွေယူပြီးထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း အင်အားနှစ်ရာဝန်းကျင်နဲ့ ကျီကုန်းရွာအနောက်ခြမ်းကို နောက်ထပ်ဝင်ရောက်ခဲ့ပြီး နေအိမ်ဆယ့်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူပိုင်ပစွည်းတွေကိုလည်း ယူသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်














