Border News Agency
ရန်ကုန်၊ ဒီဇင်ဘာ ၉။
ရန်ကုန်မှာ စစ်ကော်မရှင်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးလှုပ်ရှားတာတွေပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်မှ ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်တာ၊ ပြည်သူတွေအနေနဲ့ဒီဇင်ဘာလ ၁၀ရက်နေ့ Silent Strike မှာပူပေါင်းပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ်မှ လှုပ်ရှားတာတွေပြုလုပ်နေတာပါ။
ရန်ကုန်လူထုသပိတ်မှရဲဘော်တွေဟာ ဒီဇင်ဘာလ ၉ ရက်၊ ဒီနေ့မနက်က ဆူးလေလူကူးတံတားအနီးရှိမြို့လယ်နေရာမှာ လူထုတော်လှန်ရေးအသိပေးလိုတဲ့ အချက်သုံးချက်နဲ့ ဆန္ဒပြလှုံ့ဆော်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒိအချက်တွေဟာ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဆန့်ကျင်တာ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ‘အသံတိတ်’ သပိတ်မှာ ပြည်သူလူထုတရပ်လုံးမှအတူတကွ ပူပေါင်းပါဝင်ကြဖို့ အသိပေးနှိုးဆော်တာ၊ လူထုလွတ်မြောက်ရေးအတွက် လူထုကိုယ်တိုင်ရုန်းကန်ရမယ်ဖြစ်ကြောင်း၊ အတုအယောင်ရွေးကောက်ပွဲနဲ့သူရဲ့အလွန်ကာလတွေမှာလည်း လူထုရဲ့’ပုန်ကန်အံတု’မှုရှိမှသာ လွတ်မြောက်မှုအစစ်ကိုရနိုင်မှာဖြစ်ကြောင်း အသိပေးလှုံ့ဆော်တာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒီအချက်တွေနဲ့ ပြည်သူသို့တော်လှန်ရေးအသိ,သတိရှိစေဖို့ နှိုးဆော်အပ်တယ်လို့ဆိုပါတယ်။
ဓာတ်ပုံထဲမှ “အမှိုက်ပုံး”ဟာ အတုအယောင်ရွေးကောက်ပွဲရဲ့ “မဲပုံး”တွေကိုရည်ရွယ်တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်မှ ကျင်းပမယ့်“ရွေးကောက်ပွဲ မဲပုံး”တွေမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲဝင် ပြည်သူ့ချဉ်ဖက်ကိုယ်စားလှယ်လောင်းတွေ (သို့) သုံးစားမရတဲ့ပြည်ဖျက်အမှိုက်တွေသာ စုပုံစွန့်ပစ်ခံထားရမယ် “အမှိုက်ပုံး”တွေလို မှတ်ယူမယ်လို့ဆိုပါတယ်။
ဒါဟာရန်ကုန်လူထုသပိတ်ရဲ့သဘောထားကို ပြည်သူ့ဆန္ဒနဲ့အညီ ထုတ်ပြန်ကြေငြာတာဖြစ်တယ်လို့ဆိုပါတယ်။














