Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၁၅။
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်းကို တော်လှန်ရေးတပ်တွေ ပြန်ပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစု(Mawlaik Revolution )က ဒီဇင်ဘာလ ၁၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီးရှိရန်ကင်းတောင်မှာ တော်လှန်ရေးတပ်တွေ တပ်စွဲနေ့စဉ်စစ်ကော်မရှင်တပ်က စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ယာယီဆုတ်ခွာပေးခဲ့ရမယ့် လက်ရှိမှာပြန်ပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေတပ်စွဲနေတဲ့ ရန်ကင်းတောင်ကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာလ ၉ ရက်၊ မနက်က ထိုးစစ်ဆင်လာခဲ့တယ်လို့ဆိုပါတယ်။
အဲ့လိုအခြေအနေမှာတော်လှန်ရေးအင်အားစုတွေ ယာယီဆုတ်ခွာခဲ့ရပေမယ့် ဒီဇင်ဘာလ ၁၄ ရက်၊ မနက် ၁၁ နာရီအချိန်မှာ တန်ပြန်ထိုးစစ်စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် နေ့လည် ၁၂ နာရီခွဲ အချိန်မှာ ရန်ကင်းတောင်စခန်းကို တော်လှန်ရေးအင်အားစုတွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်းခြောက်လောင်း၊ MA1 အမျိုးအစား သေနတ်တလက်၊ MA3 အမျိုးအစား သေနတ်တလက်၊ MA15 အမျိုးအစား သေနတ်တလက်၊ G3 အမျိုးအစား သေနတ်တလက်၊ ၁၂၂ မမ ရှော့တိုက်ဒုံး ခုနှစ်လုံး၊ ကျည်ဘောက်ဆယ့်သုံးခုခုနဲ့ ကျည်မျိုးစုံထောင့်နှစ်ရာတောင့်ခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုတယ်။









