Border News Agency
ဆားလင်းကြီး၊ ဒီဇင်ဘာ ၁၅။
ဆားလင်းကြီးမြို့နယ်မှာ ဒီဇင်ဘာလ ၁၅ ရက်၊ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ရေး All In One Piece Movement လှုပ်ရှားမှုတွေပြုလုပ်နေပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ နဲ့အတူ လက်ပံတောင်းတောင်ပင်မသပိတ်ရွှေဗန့်ဂျီသပိတ်၊ ပြည်သူတွေပူးပေါင်းပြီးလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာပါ။
ဒီလှုပ်ရှားမှုဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာပြည်သူတွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။


























