Border News Agency
လက်ပံတန်း၊ ဒီဇင်ဘာ ၁၈။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ စစ်ကောင်စီတပ် ဒုရဲအုပ်ရဲလွင် ဦးဆောင်တပ်စွဲထားတဲ့ အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် ၆ နာရီအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myanmar Defense Force က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ဒုရဲအုပ်ရဲလွင်အပါအဝင် ဆယ့်ကိုးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်လက်နက် ၁၂ လက်နဲ့ ခဲယမ်း၊ Equipment တွေသိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ရဲဘော် လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ် ကဲမှုနဲ့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF)၊ သာယာဝတီခရိုင်တပ်ရင်း -၂(၃၈၀၂) ရဲ့တပ်ခွဲ – ၂၊ တပ်ခွဲ -၃၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်ပကဖရွှေတန်းမြေတိုက်ခိုက်ရေးတပ်ဖွဲ့ ၁၊၂ ၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)ရဲ့ တပ်ရင်း – ၃ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ဆိုပါတယ်။











