Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင့် အပြင်မထွက်အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒီဇင်ဘာလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကလေးမြို့ လမ်းမကြီးမြင်ကွင်းတွေမှာ ဒေသခံပြည်သူတရပ်လုံးရဲ့ ဒီဇင်ဘာလ ၂၈ ရက်၊ ဒီနေ့မှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး “အပြင်မထွက်သပိတ်” ပြုလုပ်နေကြတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပေမယ့် ကလေးမြို့ပေါ်ရှိလူနေရပ်ကွက်တွေမှာ မဲပေးသူမရှိသလောက် နည်းပါးနေတယ်လို့ ဆိုပါတယ်။
ပုံမှန် တနင်္ဂနွေနေ့တွေမှာ စည်ကားပေမယ့် ဒီနေ့မှာမနက်ခင်းဈေးသွားဈေးလာအချိန်ကနေစပြီး လမ်းမကြီးတွေ၊ လူစည်ကားရာနေရာတွေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့နေရာတွေမှာ လူသွားလာတာမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ဆိုပါတယ်။
စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှကျဆုံးရေးအတွက်ငါး နှစ်တာကာလမှာ ဖိနှိပ်မှုတွေကြားက တော်လှန်ရေးရဲ့တောင်းဆိုမှုတွေအပေါ်တာဝန်ကျေပွန်ခဲ့တဲ့ ကလေးမြို့ပြည်သူတရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုအပေါ် အလေးအနက်ထားတယ်လို့ဆိုပါတယ်။
















