Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ရွှေးကောက်ပွဲကန့်ကွက် ဆန္ဒပြခဲ့ကြတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုမှ ဒီဇင်ဘာလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဆားလင်းကြီးမြို့နယ်မှာ ဒီဇင်ဘာလ ၂၈ ရက်၊ ဒီနေ့မှာ ကျေးရွာပြည်သူလူထုနဲ့ ဆားလင်းကြီးလူထုသပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်တို့ပူးပေါင်းပြီး သပိတ်စစ်ကြောင်းဖော်ဆောင်ကာ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။











