Border News Agency
တိုကျို၊ ဒီဇင်ဘာ ၂၈ ။
စစ်ကော်မရှင်တပ်ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းဂျပန်ရောက်မြန်မာတွေ စစ်အခွန်ရုံးရှေ့မှာဆန္ဒပြနေကြပါတယ်။
ဒီရွေးကောက်ပွဲဟာ ဘယ်ရလဒ်ပဲထွက်လာပါစေ မြန်မာပြည်သူတွေရဲ့ဆန္ဒသဘောထား အစစ်အမှန်မဟုတ်တာကြောင့် ဂျပန်နိုင်ငံရှိမြန်မာနိုင်သားတွေ အသိအမှတ်ပြုသွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။
စစ်ရာဇဝတ်မှုကျူးလွန်ထားသူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ တရားစီရင်သွားနိုင်ဖို့အတွက် ဆက်ပြီးကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
အဲဒီဆန္ဒပြပွဲကို တိုကျိုမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံစစ်အခွန်ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာလို့ဆိုပါတယ်။




















