Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို ယင်းမာပင်မြို့နယ်မြောက်ခြမ်း ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းနဲ့ ပြည်သူတွေ ပူးပေါင်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်သူတွေဟာ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက် ” ဆိုတဲ့စာသားတွေကိုင်ဆောင်ကာ ဖမ်းဆီးထားတဲ့နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းလွှတ်ပေးဖို့ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။













