Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ၊ ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းမှ ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့ ကြပါတယ်။
အဲဒီ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြည်သူတွေနဲ့ပူးပေါင်းပြီး “စစ်အာဏာရှင်စနစ်ကျဆုံးရေး” နဲ့ ” စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံရေး” ဆိုတဲ့ စာကြောင်းတွေနဲ့ ဆန္ဒပြလှုပ်ရှားခဲ့ကြတာပါ။
မတရားဖိနှိပ်မှုတွေကြားမှ ပြည်သူ့ဆန္ဒအမှန်ကို ကမ္ဘာကသိစေဖို့ ရဲရဲဝံ့ဝံ့ လူထုသပိတ် တိုက်ပွဲဆင်နွှဲခဲ့ကြတယ်လို့လည်း ဆိုပါတယ်။









