Border News Agency
ပဲခူး၊ ဒီဇင်ဘာ ၃၁။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ အမှတ် ၃၆ နည်းဗျူဟာ၊ P29909 Southern Eagle PDF တပ်ရင်းမှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီအမှတ် ၃၆ နည်းဗျူဟာ၊ P29909 Southern Eagle PDF တပ်ရင်းရဲ့ စွန်မင်း အပတ်စဉ် ၇ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို အထူးတိုင်းစစ်ဌာန တနေရာမှာပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
နွေဦးတော်လှန်ရေးရဲ့အောင်ပွဲခြေလှမ်းတွေကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့အတွက် စိတ်ဓာတ်ခိုင်မာပြီး တိုင်းပြည်အတွက် ပေးဆပ်လိုတဲ့လူငယ်တွေကို သင်တန်းသားသစ်အဖြစ်ခေါ်ယူနေပါတယ်။
























