Border News Agency
ကျောက်တော်၊ ဇန်နဝါရီ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှတောင်သူတွေဟာ စပါးရိတ်သိမ်းချိန်မှာ မိရိုးဖလာလက်မှုလယ်ယာစနစ်နဲ့စပါးသိမ်းတာတွေ ပြုလုပ်နေကြပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် စပါးဈေးကောင်းမရကြတာမို့ ကုန်ကျစာရိတ်သက်သာတဲ့လူအားနဲ့ကျွဲ၊ နွားတွေကိုသာအဓိကအားထားရိတ်သိမ်းနေကြတာပါ။
အဲဒီလိုရိုးရာစနစ်ကိုသာအသုံးပြုနေကြရတာမို့ အလုပ်ချိန်ပိုကြာတာ၊ လုပ်အားခစျေးကြီးတာတွေကြောင့် အရှုံးပေါ်နေကြတယ်လို့ တောင်သူတွေကဆိုကြပါတယ်။















