Border News Agency
ယောမြို့၊ ဇန်နဝါရီ ၅။
ယောတပ်တော် (Yaw Army – YA) တည်ထောင်တာ နှစ်နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ယောတပ်တော်အခြေစိုက်စခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားကို ယောတပ်တော်ရဲ့ ဗဟိုကော်မတီဝင်တွေ၊ အရာရှိ၊ အရာခံ၊ တပ်သားတွေအပြင် မဟာမိတ်တပ်ဖွဲ့ခေါင်းဆောင်တွေ၊ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီအခမ်းအနားမှာ ယောအမျိုးသားအလံကို စတင်လွှင့်ထူအလေးပြုတာအပါအဝင် အစီအစဉ်ပေါင်းဆယ့်တခုနဲ့ ကျင်းပခဲ့ပါတယ်။
အဲဒီယောတပ်တော်ကို အာရက္ခတပ်တော်က စစ်ရေးအကူအညီတွေအပါအဝင် အနီးကပ်ကွပ်ကွဲကူညီပေးထားတယ်လို့ ယောတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ကို အထူးကျေးဇူးတင်တယ်လို့လည်း ယောတပ်တော်က ဆိုပါတယ်။




















