Border News Agency
ထားဝယ်၊ ဇန်နဝါရီ ၁၀။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းရဲ့ လက်ရုံးတပ်ဖွဲ့တွေ စွမ်းရည်ထက်မြက်လာစေဖို့ ရည်ရွယ်ပြီး ဆက်သွယ်ရေးနဲ့ ဒရုန်းမွမ်းမံသင်တန်းတွေကို ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။
အဲဒီသင်တန်းမှာတပ်ရင်းရဲဘော်တွေအပြင် ဒေသတွင်း ပကဖ အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပြီး၊ တပ်ရင်းရဲ့လက်ရုံတပ်ဖွဲ့ဖြစ်တဲ့ T5 Wings ဒရုန်းတပ်ဖွဲ့မှ နည်းပြတွေက စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။
သင်တန်းဆင်းပွဲသို့ တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးအရာရှိ၊ ခရိုင်ပကဖတာဝန်ခံ၊ တပ်ရင်းမှူးနဲ့တာဝန်ရှိသူတွေ တက်ရောက်ကာ ရှေ့တန်းရောက်ရဲဘော်တွေအတွက် အားပေးစကားတွေ ပြောခဲ့ကြပါတယ်။
အမှတ် ၁၈၀၃ အထူးဒရုန်းတပ်ရင်း၊ တပ်ရင်းမှူးစောနဂါးက ထားဝယ်တော်လှန်ရေး အင်အားစုတွေနဲ့အတူ အောင်ပွဲရတဲ့အထိ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။



















