Border News Agency
ကျုံးဒိုး၊ ဇန်နဝါရီ ၁၁။
ကေအဲန်ယူ – ဒူးပလာယာခရိုင်၊ ကျုံးဒိုးမြို့နယ်မှာ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုကို ဇန်နဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
“သမိုင်းတရားခံမဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ဆိုတဲ့ဆိုင်းဘုတ်တွေနဲ့ ကျုံဒိုးမြို့နယ်က ပြည်သူလေးရာစုပေါင်းဆန္ဒပြခဲ့ ကြတာပါ။
အဲဒီလှုပ်ရှားမှုကို ဒူးပလာယာခရိုင် တခရိုင်လုံးအတိုင်းအတာနဲ့ Zero Hour သတ်မှတ်ပြီး နေရာအသီးသီးမှာတပြိုင်နက်တည်း လုပ်ဆောင်ခဲ့တာပါ။
အဲဒီဆန္ဒပြပွဲမှာ လူထုခေါင်းဆောင်တွေက ဟောပြောတာ၊ လက်ကမ်းစာစောင်ဝေတာတွေလုပ်ခဲ့သလို စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒအလိုမရှိကြောင်း ပြတ်ပြတ်သားသားကြွေးကြော်ခဲ့ကြပါတယ်။
စစ်ကော်မရှင်တပ်ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒမပါသလို နိုင်ငံတကာကလည်း အသိအမှတ်မပြုတဲ့ အတုအယောင်သက်သက်သာဖြစ်တာမို့ ခုလိုစုပေါင်းဆန့်ကျင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
















