Border News Agency
မကွေး၊ ဇန်နဝါရီ ၁၂။
ပြည်သူ့ကာကွယ်ရေးတပ် (PDF)ထိန်းချုပ်ထားတဲ့ မကွေးတိုင်း၊စလင်းမြို့နယ်က ဆင်ဖြူကျွန်းမြို့ ရှိ နွယ်တမယ်ကျေးရွာကို စစ်ကော်မရှင်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၁၂ ရက်၊ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီ နွယ်တမယ်ကျေးရွာကိုတပ်နယ်မြေရှင်းလင်းရာမှာ PDFအလောင်းတလောင်း၊ လက်ပစ်ဗုံးလေးလုံး၊ လက်လုပ်မိုင်း ဆယ့်တလုံး၊ ၄၀ မမဗုံးသီးနှစ်လုံး၊ကျည်ကာတထည်၊ ကျည်ကာဦးထုပ်ငါးလုံး၊ ပြောက်ကျားယူနီဖောင်းလေးစုံ၊စကားပြောစက်သုံးလုံးနဲ့ တံဆိပ်ဘတ်တစုံကို ဇန်နဝါရီ ၁၀ ရက်နေ့ကသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာပြည်သူကာကွယ်တပ်က ကျေးရွာရှိတံတားကိုမိုင်းဖောက်ခွဲဖျက်ဆီးပြီ အကာအကွယ်ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ရွာလမ်းတလျှောက်မှာလည်း လက်လုပ်မိုင်းတွေထောင်ထားလို့ ကျေးရွာအတွင်းမှာ မိုင်းအန္တရာယ်ကင်းဖို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဆင်ဖြူကျွန်းရှိနွယ်တမယ်ရွာကိုစစ်တပ်ပြန်ထိန်းချုပ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ Border News Agency အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
သတင်းတွေကို စောင့်ကြည့်ပြီး ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။














