Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၁၁။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာစာသင်ကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းပျက်စီးသွားခဲ့ပါတယ်။
အဲဒီယင်းမြို့နယ်၊ မူးကမ်းကြီးရွာကို ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်လို့ စာသင်ကျောင်းဆောင်တွေပျက်စီးခဲ့ရပြီး ပြည်သူတွေလည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။









