Border News Agency
မကွေး၊ဇန်နဝါရီ ၁၂။
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ Chauk Revolution Army (CRA) အဖွဲ့က တပ်ရင်းတရင်းဟာ NUG အစိုးရရဲ့ PDF တပ်မတော်ထဲကို ဝင်ရောက်ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။
ခုလိုပူးပေါင်းပြီးနောက်မှာတော့ မကွေးခရိုင်အမှတ် ၃ တပ်ရင်း အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်တာပါ။
ဒီကွပ်ကဲမှုအပ်နှံပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး မကွေးခရိုင်စစ်ဌာန တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အဲဒီလိုပူးပေါင်းခဲ့တာကြောင့် PDF ရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စစ်သည်တော်ကျင့်ဝတ်တွေနဲ့အညီ တော်လှန်ရေးတာဝန်တွေကို အားဖြည့်ထမ်းဆောင်သွားမယ်လို့အသိပေးထားပါတယ်။













