Border News Agency
ပေါက်၊ ဇန်နဝါရီ ၁၇။
မကွေးတိုင်း၊ ပေါက်မြို့နယ်အနောက်ခြမ်းရှိ တောင်ကံပိုင်ကျေးရွာအနီးကို ဇန်နဝါရီလ ၁၇ ရက်၊ ဒီနေ့ နေ့လည်ကစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့ လူထိခိုက်တာမရှိပေမယ့် ကျေးရွာဆေးပေးခန်းတခုနဲ့ နေအိမ်ငါးလုံးပျက်စီးသွားတယ်လို့ ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခုနောက်ပိုင်းမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဆေးရုံဆေးပေးခန်းတွေကိုဦးတည်ပြီး လေကြောင်းမှပိုပြီးတိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။













