Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၁၇။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကန်ရင်းကျေးရွာရှိ ကလေးသူငယ်မူကြိုကျောင်းကို ဇန်နဝါရီလ ၁၇ ရက်၊ ဒီနေ့ နေ့လည် ၁ နာရီခွဲအချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် မူကြိုကျောင်းအတွင်းရှိ ကလေးငယ်တွေနဲ့ လူကြီးတချို့ထိခိုက်သေဆုံးမှုရှိနေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
လတ်တလောမှာတော့ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။











