Border News Agency
ထိုင်း၊ ဇန်နဝါရီ ၁၉။
ထိုင်း – ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲမှာ တိုင်းပြည်အတွက်အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်စစ်သည်လေးဆယ့်နှစ်ဦးကို တော်ဝင်ထိုင်းတပ်မတော်နေ့မှာ ဂုဏ်ပြုအခမ်းအနား ကျင်းပခဲ့ပါတယ်။
အဲဒီဂုဏ်ပြုပွဲကို ဘန်ကောက်မြို့မှာရှိတဲ့ အမျိုးသားအထိမ်းအမှတ်ဗိမာန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထိပ်သီးခေါင်းဆောင်တွေ၊ နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ ကျဆုံးစစ်သည်မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံတော်ကိုကာကွယ်ရင်း အသက်စွန့်သွားခဲ့ကြတဲ့ အဲဒီစစ်သည်လေးဆယ့်နှစ်ဦးရဲ့ အမည်တွေကို အမျိုးသားအထိမ်းအမှတ်ဗိမာန်ရဲ့ ကမ္ဗည်းစာရင်းမှာ ဂုဏ်ပြုမှတ်တမ်းတင် ရေးထိုးပေးခဲ့ပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်မြေပြင်ကမြေသားတွေကိုလည်း “နိုင်ငံတော်ကာကွယ်ရေး စစ်မြေပြင်မြေဆီလွှာ” အဖြစ် သတ်မှတ်ပြီးဗိမာန်တော်အတွင်းမှာ အလေးအမြတ်ထား သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
အများပြည်သူတွေအနေနဲ့ ဒီသူရဲကောင်းစစ်သည်တွေကို လာရောက်အလေးပြုနိုင်ဖို့အတွက် အထိမ်းအမှတ်ဗိမာန်ကို ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။














