Border News Agency
ပါကစ္စတန်၊ ဇန်နဝါရီ ၁၉။
ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့က နာမည်ကြီး Gul Plaza ဈေးဝယ်စင်တာမီးလောင်မှုမှာ သေဆုံးသူအရေအတွက်ဟာ ဆယ့်လေး ဦးအထိရှိလာပြီး ပျောက်ဆုံးနေသူတွေလည်း အများကြီးရှိနေသေးတဲ့အတွက် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။
အဲဒီ Gul Plaza ဈေးဝယ်စင်တာဟာ ဇန်နဝါရီ ၁၇ ရက်နေ့၊ ညနေပိုင်းကတည်း က စတင်လောင်ကျွမ်းခဲ့တာသလို ၃၆ နာရီ နီးပါးကြာမြင့်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်၊ဒီနေ့မှသာ မီးကို ထိန်းချုပ်နိုင်ခဲ့တာပါ။
အဲဒီမီးသတ်သမားတဦးနဲ့ ကလေးငယ်တဦးအပါအဝင်လူတဆယ့်လေးဦးကို သေဆုံးကြောင်း အတည်ပြုထားပေမယ့် အဆောက်အအုံထဲမှာ ပိတ်မိနေသူတွေ ရှိနေနိုင်သေးတာကြောင့် သေဆုံးသူအရေ အတွက်က ဒီထက်ပိုပြီးတိုးလာဖို့ ရှိနေပါတယ်။
ခုအချိန်အထိ လူခြောက်ဆယ်နီးပါး ပျော က်ဆုံးနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ကသူတို့ရဲ့ ဖုန်းတည်နေရာတွေကို ခြေရာခံကြည့်တဲ့အခါ နှစ်ဆယ့်ခြောက်ဦးလောက်က မီးလောင်နေတဲ့အဆောက်အအုံထဲမှာ နောက်ဆုံးရှိနေခဲ့တာကိုတွေ့ရပါတယ်လို့ ဆိုပါတယ်။
အဲဒီမီးသတ်အရာရှိတွေကတော့ အဆော က်အအုံဟာ ပြိုကျနိုင်တဲ့အန္တရာယ်ရှိနေပြီး မတည်မငြိမ်ဖြစ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရမ်းသတိထားပြီးလုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။
အဲဒီဈေးဝယ်စင်တာမှာ ဆိုင်ခန်းပေါင်းတစ်ထောင်ကျော်ရှိတာကြောင့် ကုန်သည်တွေလည်းအကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရပါတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေဘက်ကတော့ လျော်ကြေးပေးဖို့စီစဉ်နေသလို ကုန်သည်ကြီးများအသင်းကလည်း ဒီမီးလောင်မှုမှာ မီးဘေးလုံခြုံရေးစနစ်တွေ အားနည်းချက် ရှိ၊ မရှိကို သေချာစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။










