Border News Agency
မကွေး၊ ဇန်နဝါရီ ၂၁။
မကွေးတိုင်း၊ စလင်းမြို့နယ်ကကျေးရွာတွေကို စစ်ကော်မရှင်တပ်ကမီးရှို့ဖျက်စီးခဲ့တယ်လို့ ပြည်သူ့ညီနောင်စလင်းမှ ဇန်နဝါရီလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစလင်းမြို့နယ်ရှိကျေးရွာတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းဗုံးသီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အဲဒီကြိမ်မြောင်းသင်္ချိုင်းဘက်မှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဇန်နဝါရီလ ၂၀ ရက်၊ မနက်ပိုင်းကရှားတော၊ ကျောက်ရဲတုန်းနဲ့ အောက်လှိုင်းကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပန်းတိမ်ကုန်းနဲ့ ကညှပ်အပါအဝင် ကျေးရွာခုနှစ်ရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဟာ စလင်းမြို့ပေါ်မှာ လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေသလို လမ်းကြိုလမ်းကြားတွေမှာလည်း ကင်းပုန်းတွေချထားလို့ ဒေသခံတွေစိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။














