Border News Agency
မကွေး၊ ဖေဖော်ဝါရီ ၆။
မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကော်တပ်စစ်ကြောင်းထိုးလို့ ဒေသခံငါးထောင်နီးပါးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အဲဒီ ပေါက်မြို့နယ်ကာကွယ်ရေးပစွည်းထုတ်လုပ်ရေးစက်ရုံမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ထွက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ရာနီးပါးဟာ သစ်ချိုကုန်းပျူရွာကနေတဆင့် အနီးနားကရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလိုစစ်ကြောင်းထိုးရုံတင်မကဘဲ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်စက်ရုံထဲကနေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပါပြုလုပ်နေတယ်လို့ ပေါက်မြို့နယ် ပအဖကထုတ်ပြန်ပါတယ်။
အဲဒီ ဒီတိုက်ခိုက်မှုတွေကြောင့် ဇုန် ၁ နယ်မြေထဲက ကျေးရွာခြောက်ရွာ၊ အိမ်ထောင်စု တထောင်ကျော်နဲ့လူဦးရေငါးထောင် နီးပါးဟာ ဘေးလွတ်ရာကိုအရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဆိုကြပါတယ်။














