Border News Agency
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉။
KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်တွေက လေးလကျော်ကြာစစ်ဆင်ရေးလုပ်ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီမြို့ကို ပြန်သိမ်းဖို့အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကတည်းက စစ်ကြောင်းခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ မြို့ပတ်ဝန်းကျင်က ကျေးရွာတွေနဲ့ ဗျူဟာကျတဲ့နေရာတွေကို အဆင့်ဆင့်ပြန်သိမ်းခဲ့တာလို့ ဆိုပါတယ်။
လေးလကျော်ကြာတဲ့ ဒီစစ်ဆင်ရေးအတွင်း တိုက်ပွဲပေါင်းခြောက်ဆယ့်ကိုးကြိမ်အထိဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က ပြောပါတယ်။
လက်ရှိမှာတော့ မြို့ထဲမှာမိုင်းရှင်းလင်းတာနဲ့ ပျက်စီးသွားတဲ့အဆောက်အဦးတွေကို ပြန်ပြင်ဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။














