Border News Agency
ချင်း၊ ဖေဖော်ဝါရီ ၁၀။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)နဲ့ မာရနယ်မြေကောင်စီ/မာရကာကွယ်ရေးတပ်ဖွဲ့(MTC/MDF)နဲ့ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီလိုဆွေးနွေးရာမှာ နှစ်ဖက်အဖွဲ့အစည်းကြား မဟာမိတ်စိတ်ဓာတ်ထက်ပိုတဲ့ ယုံကြည်မှု၊ နားလည်မှုတွေအပေါ် အခြေခံကာ ရှေ့ဆက်လက်တွဲသွားကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ULA/AA ဘက်က ဖော်ဖော်ရွေရွေကြိုဆိုဂရုစိုက်ပေးခဲ့မှုအပေါ် MTC/MDF ဘက်က လေးစားကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို၊ အနာဂတ်မှာလည်း ပိုမိုခိုင်မာတဲ့လက်တွဲပူးပေါင်းမှုတွေ တည်ဆောက်သွားဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
နှစ်ဖက်ခေါင်းဆောင်တွေဟာ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အခုလိုတရားဝင်တွေ့ဆုံမှုကနေတဆင့် မိတ်ဖက်အဖွဲ့အစည်းတွေကြား ဆက်ဆံရေးပိုမိုတိုးတက်လာမယ့် အလားအလာရှိနေတယ်လို့ သိရပါတယ်။









