Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး ဓာတ်ပုံသတင်း မင်းပြားမြို့နယ် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

မင်းပြားမှာ အာရက္ခကျန်းမာရေးဌာနက နီပါးဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလက်ကမ်းစာစောင်တွေလိုက်ဝေနေ

Photo - APM

Photo - APM

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency

မင်းပြား၊ ဖေဖော်ဝါရီ ၁၂။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ​မင်းပြားခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကို ကြိုတင်တားဆီးနိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး ဒေသခံတွေဆီ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲမြို့ပေါ်နဲ့ ကျေးရွာတချို့အထိ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်ဆင်းပြီး အသိပညာပေးတာတွေ လုပ်ဆောင်နေတာပါ။

အဲ​ဒီလိုဆောင်ရွက်ရာမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနတင်မကဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့လက်ထဲကို ဒီရောဂါအကြောင်း သိကောင်းစရာနဲ့ ကာကွယ်နည်းတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေပေးနေတာကြောင့် ဒေသခံတွေအတွက်လည်း ဗဟုသုတတွေ အများကြီးရရှိစေပါတယ်။

​လက်ကမ်းစာစောင်ဝေတာအပြင် လူအသွားအလာများတဲ့ နေရာတွေမှာလည်း နီပါးဗိုင်းရပ်စ် သတိပေးဆိုင်းဘုတ်တွေကို စိုက်ထူထားကြပါတယ်။

အထူးသဖြင့် ဈေးတွေ၊ကားဂိတ်တွေ၊ ဘုတ်ဆိပ်တွေနဲ့ လမ်းဆုံလမ်းခွတွေလို လူစည်ကားတဲ့နေရာတွေကို အဓိကထားပြီး ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ သတိပေး နှိုးဆော်ထားတာကို တွေ့ရပါတယ်။

​အခုလို လုပ်ဆောင်ရတာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ရှိနေတာကြောင့် ဒေသတွင်းကို ကူးစက်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။

အဲဒါကြောင့်လည်း ကျန်းမာရေးဌာနနဲ့အတူ DLEPS (ရဲတပ်ဖွဲ့)၊ အုပ်ချုပ်ရေး၊ မီးသတ်နဲ့ HDCO စတဲ့ အဖွဲ့အစည်းပေါင်းစုံက အရှိန်အဟုန်နဲ့ ဝိုင်းဝန်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

​အာရက္ခပြည်သူ့ကျန်းမာရေးဌာနကတော့ ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ် သံသယဖြစ်ဖွယ်လက္ခဏာတွေခံစားရတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး အကြောင်းကြားကြဖို့ အထူးတိုက်တွန်းထားပါတယ်။

PrevPrevious​ကန့်ဘလူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ကျော်သုံ့ပန်းအဖြစ်ဖမ်းမိ
Next​သရက်ချောင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ကိုးဦးသေဆုံးNext
Previous Post

​ကန့်ဘလူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ကျော်သုံ့ပန်းအဖြစ်ဖမ်းမိ

Next Post

​သရက်ချောင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ကိုးဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - SMART Soldiers Strong ARMY

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုပြီးဆုံး

March 7, 2026
Photo - NUG

PDF လေ့ကျင့်ရေးနည်းပြတွေစွမ်းရည်မြှင့်သင်တန်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖွင့်လှစ်

March 7, 2026
​Photo-GEM

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

March 6, 2026
Photo - TNLA

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

March 6, 2026

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုပြီးဆုံး

PDF လေ့ကျင့်ရေးနည်းပြတွေစွမ်းရည်မြှင့်သင်တန်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖွင့်လှစ်

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

အီရန်ခေါင်းဆောင်သစ်ရွေးချယ်ရာမှာ အမေရိကန်ပါဝင်ရမယ်လို့ ထရန့်ပြော

မြောက်ဦးရှိ လက်ဆည်ကန်နဲ့ အနူမကန်ကို အာရက္ခအစိုးရထိန်းသိမ်းမယ်

Releated Post

Photo - SMART Soldiers Strong ARMY

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုပြီးဆုံး

March 7, 2026
Photo - NUG

PDF လေ့ကျင့်ရေးနည်းပြတွေစွမ်းရည်မြှင့်သင်တန်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖွင့်လှစ်

March 7, 2026
​Photo-GEM

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

March 6, 2026
Photo - TNLA

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

March 6, 2026

အီရန်ခေါင်းဆောင်သစ်ရွေးချယ်ရာမှာ အမေရိကန်ပါဝင်ရမယ်လို့ ထရန့်ပြော

March 6, 2026
Photo-BNA

မြောက်ဦးရှိ လက်ဆည်ကန်နဲ့ အနူမကန်ကို အာရက္ခအစိုးရထိန်းသိမ်းမယ်

March 6, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page