ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ဒူးသထူခရိုင်၊ကျိုက်ထိုမြို့နယ်ကိုစစ်ကော် မရှင်တပ်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေကြရပါတယ်။
အဲဒီအပြင် ပြည်သူပိုင်နေအိမ်တွေ ဖောက်ထွင်းခံနေရပြီးအိမ်အသုံးအ ဆောင်ပစ္စည်းတွေနဲ့အတူ ဆိုင်ကယ် ကိုး စီးကို အတင်းအဓမ္မသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လက်နက်ကြီး၊လက်နက်င ယ်ပစ်ခတ်မှုလို့ အရပ်သားလေးဦးသေ ဆုံးပြီးသုံးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမြို့နယ်ရှိ ကျေးရွာဆယ်ကိုးရွာမှ ပြည်သူ ၁၂၉၃၀ ကျော်ထွက်ပြေးနေကြရတာပါ။
အဲဒီညောင်ထောက်ရွာမှပြည်သူပိုင်နေ အိမ်တွေဖောက်ထွင်းပြီးအိမ်အသုံးအ ဆောင်ပစ္စည်းတွေ၊ဆိုင်ကယ် ခြောက်စီးကို သိမ်းယူခဲ့ပြီးနေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အလူးကြီးရွာမှအိမ်အသုံး အဆောင်ပစ္စည်းတွေ၊ဆိုင်ကယ်သုံးစီး ၊လက်ကိုင်ဖုန်းလေးလုံး၊ပါဝါဘတ်သုံးလုံးနဲ့ငွေသားငါးသိန်းကျပ်ကို အဓမ္မ သိ မ်းဆည်းယူသွားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဘေးရှောင်တွေအတွက် အရေးပေါ် နေရာထိုင်ခင်း၊စားနပ်ရိက္ခာ၊ဆေး ဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။













