Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၇။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ BNP ပါတီဥက္ကဌ မစ္စတာတာရစ်ရာမန်ဟာ ဒီနေ့မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။
ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဒါကာမြို့ရှိ လွှတ်တော်အဆောက်အအုံရဲ့ တောင်ဘက်ပလာဇာမှာ ခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီအခမ်းအနားမှာ ဝန်ကြီးချုပ်သစ်နဲ့အတူ BNP ပါတီကနေရွေးချယ်ထားတဲ့ ဝန်ကြီးအဖွဲ့ဝင်သစ်တွေကလည်း နိုင်ငံ့တာဝန်တွေကိုထမ်းဆောင်ဖို့အတွက် အသီးသီးကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

















