အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေမှာလူနေထိုင်မှု နည်းပါးနေသေးတာကြောင့် အခြေခံအိမ်ဆောက်ပစ္စည်းတွေဖြစ်တဲ့ ဝါးနဲ့ဓနိဝယ်လိုအားတွေ သိသိသာသာ ကျဆင်းနေပါတယ်။
အရင်ကဆိုရင် တခြားဒေသတွေကနေ ဝါးတွေအမြောက်အမြား ဝင်ရောက်ခဲ့ပေမယ့် အခုတော့ နီးစပ်ရာဒေသထွက်ဝါးတချို့ပဲ ဝင်နေပြီးဝယ်မယ့်သူမရှိသလောက် အရောင်းအဝယ်နည်းပါးနေတာပါ။
အဲဒီအပြင် သွားလာရေး အခက်အခဲတွေရှိနေသလို ဒေသခံတွေကလည်းအိမ်အသစ်ဆောက်ဖို့ထက် တခြားအရေးကြီးတဲ့ စားဝတ်နေရေးကိုပဲ ဦးစားပေးနေကြရလို့ အိမ်ဆောက်ပစ္စည်းဈေးကွက် ငြိမ်နေတာ ဖြစ်ပါတယ်။
ကုန်သည်တွေဘက်မှာလည်း ဝယ်လိုအားမရှိတာကြောင့် ပစ္စည်းတွေသိုလှောင်ထားရတာကြာလာရင် ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။
ဒါကြောင့် နယ်မြေအတွင်းလူပြန်လည်အခြေချမှုတွေများလာမှပဲ ဒီဈေးကွက်က ပြန်ကောင်းလာနိုင်မယ်လို့လည်း ကုန်သည်တွေကခန့်မှန်းနေကြပါတယ်။


















