ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ရှေ့တန်းတလျှောက်မှာ ကမ္ဘောဒီးယားစစ်တပ်က တောမီးရှို့တာတွေလုပ်ဆောင်ခဲ့တာကြောင့် ဒေသတွင်းဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်တွေ အပြင်းအထန် ပျက်စီးသွားခဲ့ရတယ်လို့ ထိုင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အဲဒီတောမီးလောင်မှုဟာ ကမ္ဘောဒီးယားစစ်သားတွေက နယ်စပ်ရှိ ထိုင်းစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်ဖို့နဲ့ မြင်ကွင်းတွေ ပိတ်ဆို့ဖို့အတွက် ရည်ရွယ်ပြီး မီးရှို့ခဲ့ရာကနေ စတင်ခဲ့တာလို့ ဆိုကြပါတယ်။
အဲဒီလို မီးရှို့မှုကြောင့် တောရိုင်းတိရစ္ဆာန် အများအပြားဟာ မီးဘေးကနေ မလွတ်ဘဲ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။
အဲဒီ မီးတောက်တွေဟာ အရှိန်အဟုန်နဲ့ ကူးစက်မြန်တာကြောင့် တိရစ္ဆာန်လေးတွေဟာ ဘေးလွတ်ရာကို ပြေးနိုင်ဖို့ အခွင့်အရေး မရခဲ့ကြဘူးလို့သိရပါတယ်။
တောရိုင်းတိရစ္ဆာန်လေးတွေဟာ မီးတောက်တွေကြားထဲမှာတင် အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ရသလိုတချို့မှာလည်း မီးခိုးမွှန်ပြီးထွက်ပြေးဖို့ ကြိုးစားရင်း လမ်းမှာတင် သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။
















