Border News Agency
တဟီရန်၊ မတ် ၄ ။
အီရန်နိုင်ငံမြောက်ပိုင်းထဲကိုဝင်လာတဲ့ အစ္စရေးနိုင်ငံထုတ် Hermes 900 အဆင့်မြင့်တိုက်ခိုက်ရေးဒရုန်းတစင်းကို သူ့ရဲ့မစ်ရှင်မလုပ်နိုင်ခင်မှာတင် ကြားဖြတ်ဖမ်းဆီးရမိခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က မတ်လ ၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီဒရုန်းကို အီရန်ရဲ့အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေကို သုံးပြီး ကြားဖြတ်ဟန့်တားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမယ့်လည်းအဲဒီဒရုန်းဟာ ပျက်စီးသွားတာမျိုးမရှိဘဲ တပ်ဆင်ထားတဲ့ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ မြေပြင်ကို အကောင်းပကတိအတိုင်း ကျလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီ သိမ်းဆည်းရမိထားတဲ့ ဒရုန်းကို IRGC ရဲ့ လေကြောင်းနဲ့ အာကာသဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။













