Border News Agency
ပလက်ဝ၊မတ် ၄ ။
ပလက်ဝခရိုင်မှာ အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်သုံ့ပန်းတွေအပါအဝင်အကျဥ်းသားသုံးဆယ်ကို မတ်လ ၄ ရက်၊ဒီနေ့မနက်က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလွတ်ပေးလိုက်ပါတယ်။
အဲဒီအထဲမှာ စစ်သုံ့ပန်း ၁၆ ဦး၊ရဲသုံ့ပန်း ၁ ဦး၊သူတို့ရဲ့ မိသားစုဝင် ၅ ဦးနဲ့ အရပ်ဖက် ၈ဦးဖြစ်ကြပါတယ်။
အဲဒီအကျဥ်းသားတွေကို အာရက္ခတပ်တော်ရဲ့ ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်မွေးနေ့အထိမ်းအမှတ်လွတ်ငြိမ်းပေးလိုက်တာပါ။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာပလက်ဝခရိုင်မှာ ဆယ်ကြိမ်ထိလွတ်ငြိမ်းပေးထားသလို အာရက္ခဒေသမှာနှစ်ထောင်နီးပါးထိ လွတ်ငြိမ်းပေးထားပြီဖြစ်ပါတယ်။











