Border News Agency
ထိုင်း၊မတ် ၅။
အခုနှစ်အတွင်းပြုလုပ်နေတဲ့ ရွှေမြွေဟောက်(Cobra Gold 2026)စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းနဲ့အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ကျည်ဆန်အစစ်တွေအသုံးပြုပြီး ပူးတွဲစစ်ဆင်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီလေ့ကျင့်မှုမှာ ထိုင်းဘက်က အမှတ် ၁၁၂ ခြေလျင်တပ်ရင်း၊ အမှတ် ၃ တပ်ခွဲက တပ်ဖွဲ့ဝင်တွေပါဝင်ခဲ့ပြီး အမေရိကန်စစ်တပ်နဲ့အတူ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံသုံးပြီး စစ်မြေပြင်ဗျူဟာတွေကို လေ့ကျင့်ခဲ့တာပါ။
အခုလိုကျည်ဆန်အစစ်တွေသုံးပြီးလေ့ကျင့်တာဟာ နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေကြား စစ်ရေးစွမ်းရည်တိုးတက်လာစေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်းမှာအကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုဖြစ်ပြီး နှစ်စဉ်ပုံမှန်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
















